ရာသီဥတုက ဝက်ခြံတွေအပေါ်မှာ ဘယ်လိုသက်ရောက်နေသလဲ

 ရာသီဥတုက ဝက်ခြံတွေအပေါ်မှာ ဘယ်လိုသက်ရောက်နေသလဲ

ရာသီဥတုက ဝက်ခြံတွေအပေါ်မှာ ဘယ်လိုသက်ရောက်နေသလဲ
ဝက်ခြံတွေအပေါ်မှာ သက်ရောက်နေတဲ့ အချက်ပေါင်းများစွာ ရှိပါတယ်။ ဟော်မုန်းအပြောင်းအလဲ၊ မိသားစုအခြေအနေနဲ့ စိတ်ဖိစီးမှုတို့ပဲ ဖြစ်ပါတယ်။ ရာသီဥတုကလည်း ဝက်ခြံတွေအပေါ်မှာ အပြောင်းအလဲတွေဖြစ်စေတယ်ဆိုတာကော သင်သိပါသလား။ သင့်အရမ်းသိချင်နေမယ်ဆိုရင်တော့ အောက်ပါဆောင်းပါးကို ဖတ်ရှုပေးပါ။

စိုထိုင်းသော ရာသီဥတု
မိုးရာသီအတွင်း ဒါမှမဟုတ် အပူပိုင်းဒေသတွေမှာ စိုထိုင်းမှုများနေပြီဆိုရင် ဝက်ခြံပေါက်နိုင်ခြေများသလို ပေါက်တဲ့ဝက်ခြံလည်း ပိုဆိုးသွားနိုင်ပါတယ်။ စိုထိုင်းမှုက သင့်အရေပြားအတွက် ရေဓါတ်ထောက်ပံ့ပေးတယ်လို့ သင်ထင်နိုင်တယ်။ ရေဓါတ်ပြည့်ဝနေခြင်းက အရေပြားအတွက် ကောင်းပါတယ်။ ဒါပေမယ့်လည်း စိုးထိုင်းစများခြင်းက ချွေးထွက်စေပါတယ်။
ချွေးတွေက အရေပြားဆဲလ်အသေတွေ၊ ဖုန်မှုန့်တွေနဲ့ ပေါင်းပြီး အပေါက်တွေ ပိတ်သွားစေပါတယ်။ စိုထိုင်းမှုက အဆီလည်းပိုပြန်စေပါတယ်။ အဆီတွေ၊ ဆဲလ်အသေတွေနဲ့ ဖုန်မှုန့်တွေပေါင်းပြီး အပေါက်ပိတ်နိုင်ပါတယ်။ ထိုအချက်၂ချက်က ဝက်ခြံတွေ ပိုဆိုးစေနိုင်သလို၊ ပျောက်ဖို့လည်း နှေးကွေးစေပါတယ်။
ဒါကြောင့် ချွေးထွက်ပြီးပြီဆိုရင် အရေပြားကို သန့်ရှင်းပေးဖို့ မမေ့ပါနဲ့။ သန့်စင်ဆေးအပျော့နှင့် ကြက်သီးနွေးရေကို အသုံးပြုနိုင်ပါတယ်။ မျက်နှာအတွက်ဆို မျက်နှာအတွက်ထုတ်ထားသော မျက်နှာသစ်ဆပ်ပြာ၊ ကိုယ်အတွက်ဆို ကိုယ်အတွက်ထုတ်ထားသော ကိုယ်တိုက်ဆပ်ပြာတို့ကို အသုံးပြုပေးပါ။
ခြောက်သွေ့သောရာသီဥတု
ပူပြင်းခြောက်သွေ့သော ရာသီဥတုက အရေပြားကို ပျက်စီးစေနိုင်ပါတယ်။ ရာသီဥတုခြောက်သွေ့မယ်ဆိုရင် အရေပြားလည်း ခြောက်သွေ့လာမှာ ဖြစ်ပါတယ်။ အရေပြားခြောက်သွေ့လာတဲ့အခါမှာ အဆီဂလင်းက အရေပြားအစိုဓါတ်ကို ထိန်းသိမ်းပေးဖို့ အဆီတွေပိုထုတ်ပါတယ်။ လိုတာထက်ကို ပိုထုတ်ရပါတယ်။
အရေပြားခြောက်သွေ့သွားတဲ့အခါမှာ အရေပြားအလွှာအပေါ်ပိုင်းက ကွာကျသွားပါတယ်။ အရေပြားဆဲလ်အသေတွေနဲ့ အဆီတွေနဲ့ ပေါင်းပြီး အမွှေးပေါက်တွေ ပိတ်သွားစေပါတယ်။ ဝက်ခြံတွေ ထပ်ခါထပ်ခါဖြစ်လာပါတော့တယ်။
ဒါကြောင့် အရေပြားရဲ့အစိုဓါတ်ကို ထိန်သိမ်းသင့်ပြီး အဆီနဲ့ရေမျှတမှုရှိအောင် ပြုလုပ်ရပါမယ်။ အရေပြားမှာ လုံလောက်တဲ့ စိုထိုင်းမှုရှိမယ်ဆိုရင် ဆဲလ်အသေတွေနဲ့ အဆီတွေကို လျော့နည်းသွားစေနိုင်ပါတယ်။
ပူပြင်းသော ရာသီဥတု
ရာသီဥတုပူပြင်းရင် ချွေးထွက်နိုင်ပါတယ်။ ချွေးတွေက ဝက်ခြံဖြစ်စေနိုင်ပါတယ်။ ရာသီဥတုပူပြင်းမယ်ဆိုရင် အရေပြားသိပ်ခံနိုင်ရည် မရှိတော့ပါဘူး။ ဆဲလ်ပိုတွေ၊ချွေးတွေဖယ်ရှားပြစ်ဖို့ ပုံမှန်သန့်စင်ပေးပါ။ Salicylic acid နဲ့ Benzoyl peroxide တို့ပါဝင်သော ကရင်၊လိုးရှင်းတို့က ပူပြင်းတဲ့ရာသီဥတုမှာ ဝက်ခြံမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။
ရာသီဥတုက ဝက်ခြံတွေအပေါ်မှာ သက်ရောက်မှုတွေရှိပါတယ်။ ပူပြင်းသောရာသီဥတု၊ စိုထိုင်းသောရာသီဥတုနဲ့ ခြောက်သွေ့သောရာသီဥတုတို့က ဝက်ခြံတွေပိုပေါက်စေနိုင်သလို၊ ပိုလည်းဆိုးစေပါတယ်။ ဒါကြောင့် ရာသီဥတုအခြေအနေပေါ်မှာ မူတည်ပြီး သင့်တော်တဲ့ ဝက်ခြံကုသနည်းတွေနဲ့ ထိန်းသိမ်းမှုတွေ ပြုလုပ်ဖို့ အရေးကြီးပါတယ်။
crd



ဝက်ခြံတိုင်းအတွက် MIKADO Anti Acne Gel အသင့်ရှိတယ်နော်။ မည်သည့်ဝက်ခြံမဆို ပျောက်ကင်းစေတာ MIKADO (မီကာဒို) Anti Acen Gelပါ။
အထူအစီအစဉ် အနေနဲ့ ယခုလအတွက် 40% - Discount နဲ့ရောင်းချပေးမှာပါ။ စျေးနှုန်း ၁၃၅၀၀ ကို ၄၀% လျှော့စျေးဖြင့် ၈၀၀၀ နဲ့ရောင်းချပေးနေပါသည် ။ အထူးအစီအစဥ်အနေနဲ့ ဆေး၀ယ်ရင် ၀က်ခြံပျောက် ဆေးဆပ်ပြာအလကားပေးနေပါပြီ ဆပ်ပြာသီးသန့်၀ယ်လိုပါက ပုံမှန်စျေး ၆၀၀၀ ကို ၅၀% လျှော့စျေးဖြင့် ၃၀၀၀ နဲ့ရောင်းချပေးနေပါသည် ။ ကဲ မြန်မြန်သာ၀ယ်ကြနော် ဆေးနဲ့ဆပ်ပြာ နှစ်ခုပေါင်းကို ၁၉၅၀၀ အစား ၈၀၀၀ ထဲနဲ့ရမှာ မပျောက်ရင် ၁၀၀% ငွေပြန်အမ်းတော့ ဘာမှဆုံးရှုံးစရာမရှိဘူး ။ နောက်မကျအောင်အခုပဲ မှာလိုက်တော့နော်
ဆက်သွယ်ရန်ဖုန်း - 09-886212012
viber // whatsapp - 09-886212012
ကတစ်ဆင့်ဝယ်ယူအားပေးနိုင်ပါတယ်။

Comments

Popular posts from this blog

สุดท้ายนี้อย่าลืมดูแลผิวให้ดีเพื่อให้ผิวพร้อมสู้แดด สู้กับอากาศที่ร้อนจัดของเมืองไทย และเพื่อลดความเสี่ยงในการเกิดสิวผดกันนะคะ เพราะป้องกันไว้ก่อนดีกว่ามารักษาทีหลัง แต่ถ้าเพื่อนๆ เกิดเป็นสิวผดขึ้นมา ก็เลือกใช้สกินแคร์ลดสิวผดที่ ShopBack Blog เลือกมาแนะนำกันได้เลย รับรองว่าเห็นผลจริงแถมยังเหมาะกับช่วงหน้าร้อนอีกด้วยค่ะ